လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လှမ်းစမ်းကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ဒညင်းသီးဈေးကွက် ဈေးကောင်းရရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဒညင်းသီးဈေးကွက်မှာ ဇွန်လ တတိယပတ်ခန့်မှ စတင်၍ ခူးဆွတ်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရောင်းချ နေကြောင်း မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ သီးနှံအရောင်းဈေးကွက်မှ သိရ သည်။

သံဖြူဇရပ်၌ ကျား/မရေးရာ(Gender)နှင့် ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မရေးရာ (Gender)နှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

တွံတေး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

ရန်ကုန်တိုင်း​​ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့တွင် အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇင်မင်းဦး ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်နှင့်ပူးပေါင်းအဖွဲ့တို့မှ

ပန်းတနော်မြို့နယ်တွင် မိုးစပါး RS To CS မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်​ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါး RS To CS မျိုးစေ့ ထုတ်စိုက်ခင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျုံတုံးကြီးကျေးရွာအုပ်စု ဇီဖြူစုကျေးရွာရှိ တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ (၁၀.၂၅) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှ ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းအချို့ ခေတ္တယာယီပိတ်ထား

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် ၂၀၂၂-ခုနှစ် ဇွန်လ (၂၃)ရက်နေ့မှစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများနှင့် အခြေခံပညာကျောင်းအချို့သို့ ရေများစတင်ဝင်ရောက်လျက်ရှိသည်။

ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ​ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေါမြို့နယ်၌ လက်ကိုင်ရှည်လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဏဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများထယ်ရေး ထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင် ရန်ရည်ရွယ်၍ လက်ကိုင်းရှည်လက်တွန်းထွန်စက်ဖြင့် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့၊ နံနက်ပိုင်းက ကျိုက်လှကျေးရွာအုပ်စု၊ ကျိုက်လှကျေးရွာ၊ ကွင်းအမှတ် (၆၈၇) တောင်သူ ဒေါ်ရီစိန်၏ လယ်၌ ကျင်းပသည်။
Subscribe to