ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ဆက်လက်ထိုးနှံပေး

ပင်လောင်း ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဆိုင်ကလုန်းရှက်တာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ပင်လောင်းမြို့နယ်အတွင်း စတုတ္ထအကြိမ်အဖြစ် ရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး First Dose ထိုးနှံပေးခဲ့ပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား Second Dose အဖြစ် မင်းဘူး၊ ပင်မွန်း၊ ထီပေါင်းကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအတွက် ဆောင်းဆီး ကျေးရွာနှင့် ပြင်သာကျေးရွာဘုန်းကြီးကျောင်း ဆေးထိုးစုရပ်များတွင်လည်းကောင်း၊ ပင်လောင်း မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ပင်လောင်းကြီး၊ စင်းတောင်း၊ တောင်ထီဗွာကျေးရွာ အုပ်စုများအတွင်းရှိ ပြည်သူများအတွက် မြို့နယ်ဆိုင်ကလုန်းရှက်တာခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် Second Dose ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများကိုလည်း တစ်ပါတည်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)