မြစ်ကြီးနား ဒီဇင်ဘာ ၂၈
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၃) ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် အဆိုပါ စာစီစာကုံးပြိုင်ပွဲအား မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယော်ဆောင်(ပြန်/ဆက်)