ပင်းတယ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ရန် လျာထား သည့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအားကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းလုပ်ငန်းများမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ပင်းတယမြို့၊ ဟော်ကုန်းရပ်ကွက်၊ အရှည် ၅၁၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃ လက်မရှိ ဟော်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းအား တန်ဖိုးငွေကျပ် (၄၉၁၀၀၀၀) ဖြင့်လည်း ကောင်း၊ ရွာသစ်ရပ်ကွက်ရှိ၊ စေတီကြီးလမ်းအရှည် ၆၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေမှ ကတ္တရာခင်းခြင်းအား တန်ဖိုးငွေကျပ် (၉၄၅၀၀၀၀) ဖြင့်လည်းကောင်း၊ ဈေးတန်း ရပ်ကွက်ရှိ ဇီဇဝါလမ်း အရှည် ၂၆၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိ မြေမှ ကတ္တရာခင်းခြင်းအား တန်ဖိုးငွေကျပ် (၃၁၄၀၀၀၀) ဖြင့်လည်းကောင်း၊ ပြည်တော်သာရပ်ကွက် ရှိ ပြည်တော်သာ(၃) လမ်းအရှည် ၁၂၀ ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၉ လက်မရှိ မြေမှ ကတ္တရာ လမ်းခင်းခြင်းအား တန်ဖိုးငွေကျပ် (၁၇၄၀၀၀၀) ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်း ပြည့်ပြီးစီးကြောင်းနှင့် ယင်းလုပ်ငန်းများကို ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာနမှ ကောက်ခံရရှိသည့် အခွန်အခများဖြင့် ပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊ အမူဆောင်အရာရှိ ဦးစည်သူဝင်းထံမှ သိရှိရသည်။
အေးအေးလတ်