ဘိုကလေးမြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အားကစားပြိုင်ပွဲများအား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်အလိုက် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၅၀)အပြေးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများအပါအဝင် အားကစားနည်းမျိုးစုံ ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ(၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ဆုချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)