ကျောက်ဖြူမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲကျင်းပ

ကျောက်ဖြူ ဒီဇင်ဘာ  ၂၉

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲကို ယမန်နေ့ နံနက် နာရီက အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ်ကြိုးစားစို့ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၂၃  ဦးတို့မှလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင်ကလေးလူငယ်များ ကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ဆင်နွှဲပေးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့မှ လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပဟေဠိပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့မှ စိတ်ပါဝင် စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တာဝန်ကျ ဆရာ၊ဆရာမများက အနီကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မြို့နယ်အဆင့် ဆုရွေးခြယ်ရေးအဖွဲ့မှ ရွေးခြယ်ခြင်းခံရသည့် အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၏ အကောင်းဆုံးစာစီစာကုံး တစ်ပုဒ်စီနှင့်  ပဟေဠိပြိုင်ပွဲမှ အမှတ်အများဆုံး  အဖြေလွှာတစ်ခုအား ရွေးခြယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေသို့ပို့ဆောင်ကာ ပါဝင်ယှဉ်ပြိုင်စေ မည်ဖြစ်သည်။ ယင်းနောက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့နယ်ထဲမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်မှ ထပ်မံစိစစ်ရွေးခြယ်၍ ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း