မင်းလှမြို့နယ်တွင် မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ၍ အထွက်နှုန်းတိုးနိုင်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးသော မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ၍ အထွက်နူန်းတိုးနိုင်ပြီး အမြတ်ငွေများရရှိနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။