စဉ့်ကိုင် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး ကျန်းမာစေရန် နှင့် အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားဆိုင်ရာ အသိပညာဆွေးနွေး(Talk how) ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အိမ်အတွင်း၌ ကျန်းမာ ရေးနှင့်ပတ်သက်ပြီး အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်ရန် အားကစားဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ( Talk Show)ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်မြင့်စန္ဒာဝင်းက အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်ရသည့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်း အပေါ် လူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားခြင်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ကိုယ် ကာယကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၌ ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် အကြောင်းရာများကို လည်းကောင်း၊ အားကစား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် နှလုံးကို ကျန်းမာသန်စွမ်းစေခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင် ခြင်း စသည့် အကြောင်းရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ညိုညိုဝင်း