ပန်းတနော်မြို့နယ်တွင် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပန်းတနော်   ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက် ရှိသည်။

ပန်းတနော်မြို့နယ်တွင် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ စပါးတစ်ဧက လျှင်ငွေကျပ် (၁၅၀၀၀၀) နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်းတို့ဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ကညင်ကုန်း ကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာအုပ်စု၊ သရက်ငူကျေးရွာအုပ်စု၊ ဓနော်ကျေးရွာအုပ်စု၊ ကျုံတုန်းကလေး ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာအုပ်စုနှင့် မရမ်းကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု (၈) အုပ်စုတို့ရှိ တောင်သူဦးရေ (၃၀၀)ဦး၊ ဆောင်းသီးနှံစိုက်ပျိုးဧက (၂၀၀၀) ဧကကျော်တို့အား စိုက်ပျိုးရေးစရိတ်ချေးငွေကျပ်သိန်း (၃၀၀၀) ခန့် ထုတ်ချေးပေး လျက်ရှိကြောင်း  ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)