ငဖဲ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်းတို့၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်း ကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များ ဆင်မြန်းလွတ်လပ်ပန်း(ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသား အားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများ ပါဝင်ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများက ပဒါန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ငဖဲမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် ပညာသင်ကြား လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု (ငဖဲ)