(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ သန်လျင်၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ များကို ယနေ့ နံနက်မှစ၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။

အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ပျော်ပွဲရွင်ပွဲများအဖြစ် အလယ်တန်းအဆင့် ထုတ်ဆီးတိုးပြိုင်ပွဲ၊ အထက်တန်းအဆင့် လွန်ဆွဲပြိုင်ပွဲ၊ မူလတန်းအဆင့် စကောရွက်၊ အာလူးကောက်၊ ဂုံနီအိတ်စွပ် ပြေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့တွင် ဆုများအား ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။