ပွင့်ဖြူ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် (၇၄)မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ (ထက်၊ လယ်၊ မူ) စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပွင့်ဖြူမြို့အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အခြေခံပညာ ဦးစီးဌာနမှ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ခေါင်းစဉ်ဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ ပွင့်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ မူလတန်းအဆင့်(၂၆)ဦး၊ အလယ်တန်းအဆင့် (၂၇)ဦး၊ အထက်တန်းအဆင့်(၃၂)ဦးဖြင့် စုစုပေါင်းဝင်ရောက် ဖြေဆိုသူ(၈၅)ဦးရှိကြောင်းနှင့် ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၄)ရက် နေ့တွင် ကျင်းပ ဆောင်ရွက်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆုများကို ပေးအပ်ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)