နောင်ချို ဒီဇင်ဘာလ ၂၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ “လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုး ထားတတ်စေရန်၊ နိုင်ငံ့ခေါင်းဆောင် ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို သိရှိနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ပြိုင်ပွဲများ ကိုဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ စာစီစာကုံးပြိုင်ပွဲ သာမက ကျောင်းတွင်း အားကစားပြိုင်ပွဲများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)