ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများ ကျင်းပ

ချောင်းဦး ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်ကစတင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲ ကျင်းပရာတွင် ပညာရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကလေးငယ်များ၏ ကာယစွမ်း ရည်တိုးတက်စေရေး၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရေးတို့ကို ရည်ရွယ်၍  ကျောင်းတွင်း အားကစားပြိုင်ပွဲများကို စီစဉ်ကျင်းပခဲ့ကြောင်း၊ အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ လွန်ဆွဲပြိုင်ပွဲ (ကျား+) ထုတ်ဆီးတိုးပြိုင်ပွဲ() အပြေးပြိုင်ပွဲ(ကျား+) အိတ်စွတ်ပြေးပြိုင်ပွဲ(ကျား+) ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း စီစဉ်ကျင်းပ ပေးသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်း ထံမှသိရသည်။

အားကစားပြိုင်ပွဲများအား ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်တို့ လာရောက်အားပေး ကြည့်ရှုခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ၊ အဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)