(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တိုင်း​ဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲဆုရ​ ကျောင်းသား​​၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်     ဇန်နဝါရီ   ၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူးကျင်းပသည့် တိုင်း​ဒေသကြီးအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ဆုရ​ကျောင်းသား​၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ခွဲတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအလုံ၊ သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ဆိုင်ရာ​ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းတိုင်း​ဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှု​ရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ဆုရ​ကျောင်းသား၊​ ကျောင်းသူများ၊ မိဘများနှင့် ပညာ​ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေသီဆိုကြပြီး အမှတ်(၂) အ​ခြေခံပညာအထက်​ကျောင်း စမ်း​ချောင်းမှ​ ကျောင်းသား​၊ ကျောင်းသူများက ”ဗိုလ်ရှု့သဘင်” သီချင်းဖြင့် ကပြ​​​ ဖျော်​ဖြေကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးက အမှာစကား​ပြောကြားရာတွင် ဒီနေ့ဟာ ရန်ကုန်တိုင်း​ဒေသကြီးနှင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူရမယ့်​ နေ့ထူး​နေ့မြတ်ဖြစ်ပါ​ကြောင်း ဘာ​ကြောင့်လဲဆို​တော့ နှစ်​ပေါင်းတစ်ရာ​ကျော် ဆုံးရှုးခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့တဲ့ (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပပြီး မျိုးချစ်စိတ်ဓါတ်၊ ပြည်​ထောင်စုစိတ်ဓါတ်ကို ပြန်လည်​ဖော်ထုတ်နိုင်လို့ ဖြစ်ပါ​ကြောင်း၊ ပြည်​ထောင်စုသားအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံ​တော်၏ လွတ်လပ်​ရေးနှင့် အချုပ်အချာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲ​ရေးနှင့် နိုင်ငံ​တော် ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပူ​ပေါင်းလက်တွဲ ကာကွယ်​စောင့်​ရှောက်နိုင်မှာ ဖြစ်ပါ​ကြောင်း၊ ယခုပြိုင်ပွဲများမှတစ်ဆင့်​ ကျောင်းသား​၊ လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်​ရေးနှင့် နိုင်ငံ​တော်က အားထားရမည့် ထူးချွန်ထက်မြက်​သော လူ့စွမ်းအားအရင်းအမြစ်​ မွေးထုတ်​ရေးကို အ​ထောက်အကူပြုမှာ ဖြစ်ပါ​ကြောင်း၊ (၂၁)ရာစုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံ​သော နိုင်ငံသား​ကောင်းရတနာများ​ မွေးထုတ်​ပေးခြင်း ဖြစ်ပါ​ကြောင်း၊ ဆုရ​ကျောင်းသား​၊ ကျောင်းသူများကလည်း နိုင်ငံ​တော်က အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်​အောင် ကြိုးစားအားထုတ်​စေချင်​ပါကြောင်း​ ပြောကြားသွားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်း​ဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများက စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီသီ ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ပညာ​ရေးတက္ကသိုလ်​ လေ့ကျင့်​ရေးအထက်တန်း​ကျောင်းမှ​ ကျောင်းသား၊​ကျောင်သူများက ”ပြည်​ထောင်စုရဲ့ ထာဝရအလှ” သီချင်းဖြင့်လည်း​ကောင်း၊ ”ဇာတိမာန်” သီချင်းဖြင့်လည်း​ကောင်း သီဆို​ဖျော်​ဖြေကြသည်။

ထို့​နောက် အခမ်းအနားတက်​ရောက်လာကြ​သော တိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ပြသထား​သော ဆုရ​ကျောင်းသား​၊ ကျောင်းများ၏ စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီများကို လှည့်လည်ကြည့်ရှု့ ​လေ့လာခဲ့ကြ​ကြောင်း သိရှိရသည်။

​အောင်မြင့်