ကျိန္တလီမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ကျိန္တလီ ဇန်နဝါရီ   ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးခိုင်မိုးမင်း(ရုပ်သံကျွမ်းကျင်-)က ဟောပြောပွဲသို့ တက်ရောက်လာသော (..က)ကျိန္တလီကျောင်းမှ အလယ်တန်းကျောင်းသား/ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ဦးစွာရှင်းပြောကြားခဲ့ပြီး စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲတွင် ဆုရရှိသော မောင်ကျော်ခန့်ဇော် (ပထမဆု) မယွန်းဝတီ(ဒုတိယဆု)နှင့် မောင်ဟိန်းစည်သူ(တတိယဆု)ဆု ရရှိသူများအား ဆုများ အသီးသီးပေးခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း