မတ္တရာမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှုန်းဖြင့် ၁၁၀၀ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက် ကုန်ဖြစ်သော စားသုံးဆီ ပိဿာ(၁၁၀၀)ကို  တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇော ကုန်စုံဆိုင်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက် ၀.၁၃ ဧက စိုက်ပျိုးထားရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက်ပင် ၀.၁၃ဧက အား စိုက်ပျိုးထားသောစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ‌ အောင်မြင်ဖြစ်ထွန်း‌ ကြောင်း ဒေသခံတောင်သူများထံမှသိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထား ရှိကြောင်း သိရသည်။

ငပုတောမြို့၌ လယ်ယာမြေစီမံ ခန့်ခွဲမှု့အဖွဲ့နှင့်လမ်းမကြီးများဘေး တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်သူများ တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု့ အဖွဲ့နှင့် လမ်းမကြီးများဘေး တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရ​ကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့တက်ရောက်ခဲ့ကြသည်။

မက်မန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Fitness Dance သင်တန်းဖွင့်လှစ်

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance သင်တန်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ စတင်ဖွင့်လှစ်သည်။

ဖောင်ကြီး အ‌ရှေ့ကျေးရွာအုပ်စု ပန်းတောကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ ကျေးရွာအုပ်စု၊ ပန်းတောကုန်းကျေးရွာတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိစေရေး ကျေးရွာ(၄)ရွာတွင် လုပ်ငန်းများစတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိစေရေး ကျေးရွာ(၄)ရွာတွင် ငွေလုံး ငွေရင်း(မူလ) ရန်ပုံငွေဖြင့် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ မိုးရာသီကောက်စိုက်စက်ဖြင့် စံပြကွက်စိုက်ပျိုးခြင်း သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ အမှတ်(၅၁) စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆ (ဘီ)ဦးပိုင်အမှတ် (၇/၇) တောင်သူ ဦးအေးငွေ၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။

သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကျွန်းကုန်းကျေးရွာအုပ်စုတွင် သွေးလွန် တုပ်ကွေးဖြစ်ပွားခြင်း ခိုလှုံပေါက် ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေး ခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း များဆောင် ရွက်ခဲ့ကြသည်။
Subscribe to