ချောင်းသာကမ်းခြေတွင် အပမ်းဖြေရင်း နှစ်သစ်ကြိုမည့် ဧည့်သည်များ ဝင်ရောက်မှုများပြား

ချောင်းသာ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေသို့ အပန်းဖြေရင်း နှစ်သစ်ကို ကြိုဆိုကြမည့် ခရီးသွားဧည့်သည်များ ယမ်နေ့ နံနက်ပိုင်းမှစတင်၍ အဆက်မပြတ် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

မြို့ကိုဝင်လာတဲ့သူတွေကို ခရီးသွားမှတ်တမ်းယူတယ်၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုလည်း မှတ်တမ်း ယူတယ်၊ မပါခဲ့လာခဲ့ရင်လည်း ဘယ်သွားသွား ယူဆောင်သွားရန်တွေ၊ ကျန်းမာရေးအသိ၊ သတိနဲ့  နေထိုင်ကြရန်တွေကို ဆောင်ရွက်တယ်၊ လာကြတာကတော့ နယ်ပယ်ဒေသအစုံကအပြင် ပြည်ပ နိုင်ငံခြားသား ဧည့်သည်တွေလည်း လာကြတာ တွေ့ရတယ်လို့ ဌာနစုံပါဝင်တဲ့ပူးပေါင်းစစ်ဆေးဂိတ် အလှည့်ကျအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ချောင်းသာမြို့တွင် အပန်းဖြေစရာ ချောင်းသာကမ်းခြေအပြင် သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များ ဖြင့် လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် လည်းကောင်း ဘုရားဖူးရန်နှင့် အပန်းဖြေလည်ပတ်ရန် သွားရောက်နိုင်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)