ငပုတော ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှုး စောဦးဟင်နရီ က ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အမှတ်ပေး အကဲဖြတ် ဒိုင်ချုပ် ဦးပြည့်ဖြိုးအောင် က ပြိုင်ပွဲစည်းကမ်းချက်များအား ပြောကြားခဲ့သည်။
ငပုတောမြို့နယ် အတွင်းရှိ မြို့နယ်အဆင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးတို့က 'လွတ်လပ်ရေးနေ့ တို့မမေ့" 'လွတ်လပ်ရေးသည်သာ တို့တာဝန်" ‘‘လွတ်လပ်ရေးအမွေထိန်း သိမ်းစို့လေ" ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာအကဲဖြတ် ဒိုင်အဖွဲ့မှ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေးခဲ့ကြသည်။
ပြိုင်ပွဲတွင်ဆုရရှိကြသူများကို ကြေညာပေး ပြီးနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နုနုအေး (ပြန်/ဆက်)