လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (Book Club) စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

လမ်းမတော် ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာအောင်ကိုဦး (UMK)ရေးသားသည့် "လူငယ်တွေကို လမ်းဖွင့်ပေးပါ" (စိတ်ခွန်အားဖြည့်စာစုများ)စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာမတင့်တယ်ခင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများတို့ကို ရှင်းလင်းပြောကြားဆွေးနွေးသည်။ ထို့နောက် စာပေဝါသနာရှင်များက စာရေးဆရာအောင်ကိုဦး(UMK)​ရေးသားသည့် "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" (စိတ်ခွန်အားဖြည့်စာစုများ)စာအုပ်မှ "လှေကားကို တစ်ထစ်ချင်းတက်ပါ" ဆောင်းပါးကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြ သည်။ ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းမတော်မြို့နယ် ဦးစီးအရာရှိဒေါ်တင်တင်စိန်က ကျေးဇူးတင်စကားပြောကြားသည်။

လမ်းမတော်မြို့နယ်လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်