ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကြံခင်း      ဒီဇင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်၏ သားကောင်းရတနာများအဖြစ် ပေါ်ထွန်းလာစေရေးအတွက်  ကျောင်းစာအပြင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များ ဖတ်စေရှုလေ့နိုင်စေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကာ ဗလငါးတန်နှင့် ပြည့်စုံသည့်သူများဖြစ်ကြစေရန်အတွက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း၊ ကာယ ဉာဏ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများပြုလုပ်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ သုတရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို စဉ်ဆက်မပျက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် Women Club အဖွဲ့များအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့နှင့် Women Club အဖွဲ့များက လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင်  ပြလုပ်မည့် ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ အသီးသီးဆွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)