ကွန်ဟိန်းမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲအား ယနေ့နံနက် (၉) နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ်တွင် သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဘားအံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင်  ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြိုနယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ အများပြည်သူများမှ မဲစာရင်းများလာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဧရာဝတီကမ်းနားလမ်းရှိ နဒီဝင်းဓမ္မာရုံ၌ ဒေးဝန်းအနောက်ရပ်ကွက်တွင်နေထိုင်သည့် အများပြည်သူများမှ ရွေးကောက်ပွဲကာလတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို  ဒီဇင်ဘာ ၁ ရက်နေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြမဉ္ဇူခန်းမတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ Grade-12 သင် နယ်ဝေးဆရာ၊ ဆရာမများအား ဆန်၊ ဆီနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

‎မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) ကွင်းဆင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်များအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း  ကွင်းဆင်းစစ်ဆေးခြင်းကို မဟာအောင်မြေမြို့နယ်အတွင်း (၁၈)ရပ်ကွက်တွင် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်တွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထ‌ရောနစ်မဲပေးစက်နှင့် မဲပေးနည်း သရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့က နွယ်ခွေရပ်ကွက် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ချမ်း​မြသာစည်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းတွင် မြို့သစ် (၃) ရပ်ကွက်ရုံးနှင့် မြို့သစ် (၄) ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

မိုင်းတုံသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့များမှ လမ်းတံတားများ တည်ဆောက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ တာဆန်းသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့များသည့် ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ရောက်ရှိပြီး တံတားအမှတ်(၁/၁၈၅) သံလွင်တံတား/ တာဆန်းတံအ‌ရှည် ၈၇၆ ပေ (၂၆၆.၈၆၁ မီတာ) တံတားခန်းဖွင့် ၁၁ မီတာ× ၁ ခန်း) ၂၄.၅ မီတာ× ၁ ခန်း)+ (၁၂၀ မီတာ× ၁ ခန်း)+ ၁၈.၂၈၇ မီတာ× ၃ ခန်း တံတားအမျိုးအစား အောက်ခံအုပ်မြစ် RCC Bored Plle ,တံတားကိုယ်ထည်- RC Concrete တံတားအပေါ်ထည်-35 Span Continuous Steel Truss& RC slab အကျယ် ၂၃ ပေ(၇ မီတာ) ရေလမ်းကင်လွှတ်အကျယ်-၂၈၀ ပေ၊ ရေလမ်းကင်လွှတ်အမြင့်- ၃၄ ပေ ခန့်မှန်စီမံကိန်းတန်ဖိုး ပြည်ထောင်စု ငွေလုံးငွေရငါရန်ပုံငွေ (၂၄၀၀၀၀၀) သန်း ၆-၂-၂၀၁၉ ရက်နေ့တွင်
Subscribe to