ချမ်းမြသာစည်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြားများအား One Stop Service ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းတွင် မြို့သစ် (၃) ရပ်ကွက်ရုံးနှင့် မြို့သစ် (၄) ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။