ကျောက်တန်း ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery အမျိုးမျိုးထုပ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများ၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးနှင့်တာ၀န်ရှိသူများ၊ ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသန့်ဇင်ထွန်းနှင့်၀န်ထမ်းများ ကျောက်တန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်နှင့်ဌာနဆိုင်ရာများ၊ ကျောက်တန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ယာယီဥက္ကဋ္ဌဒေါ်ခင်အေးညွန့်နှင့်အဖွဲ့၀င်များ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖွင့်ပွဲအမှာစကားပြောကြားကာ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးသန့်ဇင်ထွန်းမှ ယခုလိုသင်တန်းမျိုးမိမိဌာနရုံးတွင် ပူးပေါင်းဖွင့်လှစ်ခွင့်ရရှိခြင်းကြောင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်ယခုလိုသင်တန်းထပ်မံဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား ၂၀ ဦးဖြင့် ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရက်သတ္တပတ် ၇ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)