မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ လူငယ်အရံမီးသတ်သင်တန်းသားများအတွက် ဝတ်စုံများ ပေးအပ်

 မိုင်းခုတ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ လူငယ်အရံမီးသတ်သင်တန်းသားများအတွက် ဝတ်စုံပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထို့သို့ ပေးအပ်ရာတွင် မိုင်းခုတ်​မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းရှိ လူငယ်အရံမီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်နိုင်ရန်အတွက် ဝတ်စုံများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းအား မြို့နယ်မီးသတ်ရုံးတွင် (၁၉-၁၂-၂၀၂၄)မှ (၉-၁-၂၀၂၅)ထိ စုစုပေါင်းသင်တန်းသား (၃၂)ဦးဖြင့် လက်တွေ့သင်တန်းများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)