မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ ပညာပေး ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊အနေဖြင့် တောင်သူပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း ထည့်သွင်းပညာပေးဆွေးနွေးလျက်ရှိရာ  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာလေးရွာတွင် ထည့်သွင်းပညာပေး ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း လက်ရက်ကန်း သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)တွင် ယမန်နေ့က လက်ရက်ကန်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း(၆)လ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပသည်။

လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

‌ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျုံဖိုက်ကျေးရွာရှိ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် အပေါ့စား မီးငြိမ်းသတ်စက် ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ရေလှောင်ကန်များ ရေဖြည့်တင်းခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဈေးမီးဘေးလုံခြုံရေးအတွက် အသင့်ထားရှိသော အပေါ့စားမီးငြိမ်းသတ်စက် ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်များ ရေဖြည့်တင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်/ဆေးထိုးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက် (၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်/ ဆေးထိုးခြင်းလုပ်ငန်းများကို၊ ယနေ့နံနက် (၈)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိသင်တန်းခန်းမတွင် ဇူလိုင်(၁)ရက် နံနက်(၉)နာရီခွဲ အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူးထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်ညွန့်ကျေးရွာအုပ်စု၊ တောင်ညိုလေးဘုန်းတော်ကြီးကျောင်း၊ လျောင်းတော်မူဘုရားအနီးရှိ စိုက်ကွင်းတွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to