လားရှိုး ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှိသင်တန်းခန်းမတွင် ဇူလိုင်(၁)ရက် နံနက်(၉)နာရီခွဲ အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာအမျိုးသမီးများနေ့နှင့် ပတ်သက်သော အကြောင်းအရာများဖြင့် ဉာဏ်စမ်းပဟေဠိမေးခွန်းဖြေဆိုခြင်းကို ဆောင်ရွက်ကာ လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပြီး လားရှိုးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ပါဝင်ပူးပေါင်းကာ လားရှိုးမြို့ရှိအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ စုစုပေါင်း ကျောင်း(၁၀)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုပြိုင်ပွဲမှဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၂ ခုနှစ်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လားရှိုးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)