ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နွေစပါးခင်းများအတွင်း ရေများဝင်ရောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် (၄၀၅) ဧကလျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မိုးစပါးစိုက်ပျိုးရာသီတွင် ဧရာမင်း၊ ဆင်းသုခ၊ မနောသုခမျိုးများသာ စိုက်ပျိုးခဲ့ပြီး မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ သုံးနှစ်တစ်ကြိမ်သွေးသစ်လောင်းမျိုး ပြောင်းခြင်းတို့ကို စိုက်ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် မျိုးသန့်ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဝေါမြို့တွင် ကျောင်းသား/ကျောင်းသူများအား အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဇူလိုင်လ ၁ ရက်နေ့(ယနေ့)တွင် အရှေ့ဘက်ကမ်းရပ်ကွက် အ.ထ.က ကျောင်း၌ ဒေါက်တာ စုဝေကျော် ဦးဆောင်သော ကာကွယ်ဆေး ထိုးအဖွဲ့မှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း KG မှ Grade-5 အထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ အထက-ခွဲ(လ-၂)ကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးလျက်ရှိသည်။

ဝေါမြို့တွင် ကျောင်းသား / ကျောင်းသူများအား အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဇူလိုင်လ ၁ ရက်နေ့ (ယနေ့) တွင် အရှေ့ဘက်ကမ်းရပ်ကွက် အ.ထ.က ကျောင်း၌ ဒေါက်တာ စုဝေကျော် ဦးဆောင်သော ကာကွယ်ဆေးထိုးအဖွဲ့မှ အသက် (၅ )နှစ်မှ (၁၂) နှစ်အတွင်း KG မှ Grade-5 အထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ပန်းထိန်ငိုပန်းများ လှိိုင်လှိုင်ထွက်ရှိ၍  မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာတွင် ယခုရက်ပိုင်းအတွင်း၊ ပန်းထိန်ငို ပန်းများလှိုင်လှိုင်ထွက်ရှိပြီဖြစ်၍

GW-11 အထွက်ကောင်းမျိုးစပါး အစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်ကောင်းမျိုးသန့် GW-11 စပါးမျိုးအား အစေ့ချ ကရိယာ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက သပြေတန်းကျေးရွာရှိ တောင်သူဦးပု၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ Cash For Work စီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် ၈ နာရီက ညောင်ပင်ကျင်းကျေးရွာဓမ္မာရုံ၌ ပြုလုပ် ခဲ့သည်။

ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများ တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို
Subscribe to