မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ ပညာပေး ဆွေးနွေး

ညောင်ဦး  ဇူလိုင်  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊အနေဖြင့် တောင်သူပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း ထည့်သွင်းပညာပေးဆွေးနွေးလျက်ရှိရာ  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာလေးရွာတွင် ထည့်သွင်းပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ကလေးသူငယ်များအား ဆိုင်များနှင့်အလုပ်ဌာနများဆိုင်ရာ ဥပဒေ၊ လည်နေသောစက်ကရိယာ(သို့)ထိုစက်ကိရိယာအနီး၌ မိန်းမနှင့်ကလေးများအား ခိုင်းစေခြင်း (သို့)အလုပ်လုပ်ခြင်းခွင့်မပြုရန်၊ အလွန်အမင်းလေးလံသော ဝန်ချိန်များအား သယ်ယူခြင်း(သို့) ရွှေ့ပြောင်းခြင်း မခိုင်းစေရန်၊ ကလေးအလုပ်သမားမှတ်ပုံတင်စာအုပ်များ၊ ပြုလုပ်ပြီး မပျက်စီးအောင်ထိန်းသိမ်းထားရန်နှင့် သိမ်းဆည်းရမည့်နည်းလမ်းများ၊ မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ်ထုတ်ပေးထားခြင်းမရှိလျှင် အလုပ်လုပ်ခွင့်မပြုရန် ၊ကလေးများအလုပ်လုပ်သည့် အချိန်အား သတ်မှတ်အချိန်ထက် ပိုမိုခိုင်းစေခြင်း မပြုရန်၊ စသည့်သက်ဆိုင်ရာခေါင်းစဉ်အလိုက် သတ်မှတ်ထားသည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုကျူးလွန်းပါက ကျူးလွန်သည့် ပြစ်မှုအတွက် ပြစ်ဒဏ်များကို ကလေးသူ ငယ်အလုပ်သမားများအား ကာကွယ်ရန်ရည်ရွယ်၍ ပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲများကို ညောင်ဦးမြို့နယ်အတွင်းရှိ သူကောင်းတည်ကျွန်း၊ကြို့ ပင်သာ၊ ကံတော၊ တူရွင်းတိုင် ကျေးများတွင်လည်းကောင်း၊ မြို့နယ်ဦးစီးမှူးရုံးတွင်ပြုလုပ်သော နေကြာ မျိုးစေ့ထုတ်သင်တန်းတွင်လည်းကောင်း စိုက်ပျိုးရေးဝန်းကြီးဌာနရှိ ဝန်ထမ်းများမှ ပညာပေးဆွေးနွေးလျက်ရှိပြီး  ကျန်ကျေးရွာများကိုလည်း နယ်လှည့်ကွင်းဆင်း၍ ဆက်လက်ပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ