လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ ပြုလုပ်

လှည်းကူး ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းသား / သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ရဲမွန်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသား / သူ (၂၀)ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းတွင် သင်တန်းသား / သူများအား စာတွေ့၊ လက်တွေ့ကို ဇွန် ၁ ရက်မှ ၃၀ ရက်နေ့အထိ (၁) လကြာ သင်ကြားပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)