ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်/ဆေးထိုးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း   ဇူလိုင်  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်/ ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် မွေးစမှ(၁)နှစ် အောက်ကလေးငယ်များကို ဘီစီဂျီ၊ အသည်းရောင်အသား ဝ(ဘီ)၊ ပိုလီယို(ပထမအကြိမ်)၊ ပိုလီယို (ဒုတိယအကြိမ်)နှင့် ပိုလီယို (တတိယအကြိမ်)၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှော(ရိုတာ)၊ ပြင်းထန် အဆုတ် ရောင်(ပီစီဗီ) (ပထမကြိမ်-ဒုတိယအကြိမ်-တတိယအကြိမ်) စသည်ဖြင့် ကလေးငယ်များ၏ ဆေးထိုးမှတ်တမ်းများအရ လိုအပ်သည့် ကာကွယ်ဆေးများကို တိုက်ကျွေး/ ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရပြီး၊ လစဉ် လဆန်း(၁/၂)ရက်နှင့်လဝက်(၁၅/၁၆)ရက်နေ့များတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆေးထိုးစုရပ်များကို လက်ရှိတွင်မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ် တစ်ခုတည်းတွင်သာ ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)