မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း လက်ရက်ကန်း သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မုဒုံ ဇူလိုင် ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)တွင် ယမန်နေ့က လက်ရက်ကန်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲနှင့် အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ရက်ကန်းပညာရပ်သည် အိမ်တွင်း တစ်နိုင်တစ်ပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာအမျိုးသမီးအများစု အသက် မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ရက် ကန်းပညာရပ်ဖြင့် အဝတ်အစားများသာမက အသုံးအဆောင်ပစ္စည်းများကိုပါ ရက် လုပ်နိုင်ကြောင်း၊ မုဒုံမြို့နယ်မှ ရက်လုပ်သည့် ချည်စောင်များသည် ဈေးကွက်တွင် နာမည်ကြီး ချည်စောင်များအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ရက်ကန်းလုပ်ငန်းသည် အရင်းအနှီးများစွာ မလိုအပ်ဘဲ အိမ်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် အိုးမကွာအိမ်မ ကွာ ထူထောင်နိုင်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရက်ကန်းလုပ်ငန်း အသေးစား စက်မှုလက်မှုလုပ်ငန်း တည်ထောင်မည့်သူများအတွက် လိုအပ်သော နည်းပညာအကူအညီများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင် တန်းကျောင်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ သင်တန်းဖွင့်လှစ်မှုအခြေအနေ၊ ရက်ကန်းစင်လည်ပတ်ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းမှ ထူးချွန်ဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်နှင့်ဆီများ ပေးအပ်ခဲ့ရာ ကျောင်း အုပ်ဆရာမကြီးနှင့် ဆုရသင်တန်းသူများက လက်ခံရယူပြီး သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ သင်တန်းကျောင်းတွင် စက် ရက်ကန်း၊ လက်ရက်ကန်း ပညာရပ်များကို (၆)လသင်တန်း ဖွင့်လှစ်ပေးလျက်ရှိရာ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၂)သို့ သင်တန်းသူ (၄၀)ဦး တက်ရောက်ကြောင်း သိရှိရ သည်။

အောင်မျိုးသူ (ပြန်/ဆက်)