မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  စာအုပ်လှူဒါန်းပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ကျေးရွာစာကြည့်တိုက်များအတွက်စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက(၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃-ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့၌ သုတစုံလင်စာဥယျာဉ်အစီအစဉ် Online အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ သုတစုံလင်စာဥယျာဉ် အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို Online မှ တစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ “အလှဆုံးအပြုံး မေမေ့ မျက်နှာ” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  

နောင်ချိုမြို့နယ်တွင် အသက်၂လမှ ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတွင် အသက်၂လမှ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက် ပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပေါင်းတည် အ.ထ.က ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ပြည်သူများအသိပညာပေးနံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ လက်ကိုင်ရှည် လက်တွန်းထွန်စက်လူထိုင်စီး၍ တမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နံနက်ပိုင်းက သမန်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၅၃၅/ခ) သမန်းကုန်းအနောက်ကွင်းရှိ တောင်သူ ဦးတင်မောင်ကျော်၏ လယ်‌မြေ (၁၀)ဧကရှိ စံပြကွက်များ၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့ သိမ်ကုန်းကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှာကောင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီက သိမ်ကုန်းကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ Abate ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to