ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဖောက်လုပ်သော ကျောက်ချောခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ်ရာသီအလိုက်ထုတ်ချေးလျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများအနက် ၂၀၂၂-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား ယနေ့နံနက်ပိုင်း က သာယာဝတီခရိုင်ဘဏ်ခွဲနှင့် မြို့နယ်ဘဏ်ခွဲ (၄) နေရာတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၉နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အား အမြဲစိမ်းလန်းစိုပြည်သည့် မြို့တော်ဖြစ်ရေး သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီက အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပျိုးပင်ပေါင်း(၁၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဖောက်လုပ်သော ကျောက်ချောခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာကျင်းပ

မန္တလေးတိုင်ဒေးသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး အောက်ဆီဂျင်စက်ရုံဝန်းအတွင်းနှင့် ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင်ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၌ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဗဟန်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to