ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် လူနေအိမ် (၁၆)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

နေပြည်တော်ကောင်စီ၊ဒေဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဟိုတယ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

နေပြည်တော်ကောင်စီ၊ ဒေဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဟိုတယ်များသို့ သွားရောက်၍

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးမျာသည်း ဖားကန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၉ ရက် နံနက်(၈)နာရီက ဖားကန့်မြို့နယ် လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဇေယျာသီရိမြို့နယ်၌ဝါးအသက်မွေးဝမ်းကြောင်းပညာသင်တန်းဖွင့်ပွဲလှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာရှိ ဘမ်ဘူး ဝါးကုန်ထုတ် သမဝါယမအသင်းလီမီတက်မှ  ဝါးအသက်မွေးဝမ်းကြောင်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတက်ရောက်အမှာစကားပြောကြားခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယနေ့နံနက် ၇ နာရီခွဲအချိန်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့နယ်၊ အောင်စည်လာကျေးရွာ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ရာနေရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များ နှင့်အတူ ခရိုင်/မြို့နယ်စီမံအုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပန်-မော်ဟွေ့လမ်းပေါ်ရှိ ၃၁ ဘုံစေတီကုန်းအနီး လမ်းကွေ့နေရာတွင် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစကြည်အေး(လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းလင်းတင်ပြခဲ့သည်။

သိန္နီမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချဖြန့်ဝေခြင်း အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက်တိုးအောင်မြင်စေရေး၊ ဓါတ်မြေဩဇာများကို နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရေးအတွက် သိန္နီမြို့နယ်၌  မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ တောင်သူများအား ယူရီးယားဓါတ်မြေဩဇာများကို နိုင်ငံတော်မှ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က သိန္နီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်  အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to