ကျွမ်းကျင်မှု လေ့ကျင့်ရေးကျောင်း (ဘားအံ)၌ အိမ်တွင်း လျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲ ကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်း လျှပ်စစ်သွယ် တန်းခြင်းသင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။