တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ များပေးအပ်

တံတားဦး ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက တံတားဦး မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တံတားဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားရာတွင် မိမိတို့ကျေးရွာအုပ်စုတွင်ရှိကြသော ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကို အထူးဂရုပြုနေထိုင်ကြရန်လိုကြောင်း၊ သန့်ရှင်းသောက်သုံးရေကို ကြိုချက်၍ သောက်သုံးရန်လိုကြောင်းနှင့် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင် ရေထိုင်ရန်လို ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ငွေများကို သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် (၂၇.၆.၂၀၂၂)ရက်နေ့နှင့်(၂၈.၆.၂၀၂၂)ရက်နေ့အထိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ရသည့် ရေဘေးသင့်အိမ်ထောင်စုများမှာ အမှတ်(၂)ရပ်ကွက်၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေးရွာအုပ်စု၊ ငါးရာပြားကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာအုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာ အုပ်စု၊ ဈေးချိုကျေးရွာအုပ်စုနှင့် ဇီးပင်ကွေ့ကျေးရွာအုပ်စုဖြစ်ပြီး တစ်ဦးလျှင်ထောက်ပံ့ ငွေကျပ်(၂၁၀၀)နှုန်းဖြင့် စုစုပေါင်း ရေဘေးရှောင်အိမ်ထောင်စု(၃၆၂)စု၊ လူဦးရေပေါင်း(၄၇၂)ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀၉၁၂၀၀)ကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

ရဲတင့်