တံတားဦးမြို့နယ် ပြူကန်ခေတ်မီစံပြကျေးရွာ (Smart Village) တောင်သူများအား နေကြာမျိုးစေ့ (ရေဆင်းစပ်မျိုး-၁) ထောက်ပံ့ပေးအပ်

တံတားဦး ဇူလိုင် ၂

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြူကန်ခေတ်မီစံပြကျေးရွာ (Smart Village) တောင်သူများအား နေကြာမျိုးစေ့ (ရေဆင်းစပ်မျိုး-၁) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုစက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးတိုးမင်းက ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး၊ စံပြကျေးရွာ (Smart Village)အဖြစ် ဆောင်ရွက် မည့် ဘတံတားဦးမြို့နယ် ပြူကန်ကျေးရွာရှိ တောင်သူများ မိုးနေကြာ အထူးဇုန်စံပြကွက် ဧက(၁၀၀)အတွက် နေကြာမျိုးစေ့ (ရေဆင်းစပ်မျိုး-၁) ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာကျေးရွာ၊ တံတားဦးမြို့နယ်ရှိ ပြူကန်ကျေးရွာနှင့်  ငါးဇွန်မြို့နယ်ရှိ ရွာသစ်ကျေးရွာတို့ အား ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး စံပြကျေးရွာ (Smart Village) များအဖြစ် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် စီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေကြောင်း အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တံတားဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က တောင်သူများအား (Smart Village) ကျေးရွာဆောင်ရွက်ရခြင်းအကြောင်းကို ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိ သူများက နေကြာမျိုးစေ့များနှင့် ဆေးများကို အသီးသီးပေးအပ်ကြပြီး တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူ ဦးမျိုးဇော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

အဆိုပါ နေကြာမျိုးများကို  ပြူကန်ကျေးရွာ ထန်းတောကွင်း (ကွင်းအမှတ် ၁၃၅၂-က) ကွင်း၌ ဧက(၁၀၀) ကိုစိုကက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများ စိုက်ပျိုးနေသည့် သီးနှံများကို စီးပွားရေး တွက်ခြေကိုက်ပြီး ခိုင်မာသည့် ဈေးကွက်ရရှိရေး၊ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို လိုက်နာအသုံးပြုရေး ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခေတ္တဦးစီးမှူ ဦးမျိုးဇော်ထံမှ သိရသည်။

ရဲတင့်