ကြို့ပင်ကောက်မြို့၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မိုးရာသီသစ်ပင်စိုက်ပွဲတော်ကိုလက်ပံပင်စုကျေးရွာအုပ်စု တမံဆည်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်ပြည်တော်သာရပ်ကွက်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်တော်သာရပ်ကွက်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ် ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာရောက်ရန် ၂၀၅၅ စင်တီမီတာရောက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေနံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၂၀၅၅ စင်တီမီတာသို့ တဖြည်း ဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ပင်းတယမြို့နယ်၌ ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)များ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိပြီးတခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသနေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။

လျာထားချက်ထက် ကျော်လွန်ပေါက်ဖွားခဲ့သည့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ကြယ်လိပ်များ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူ ထားရှိကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုး စိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မ ပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသော သားပေါက်များကို ၄င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင်များသုတေသနပြုနိုင်ရန်နှင့် အများပြည်သူများ အနီးကပ်လေ့လာကြည့်ရှုနိုင်စေရန်တို့အတွက် ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှ ရှင်းပြသည်။

နမ္မတူတွင် “ပန်ဟိုက်”ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ပန်ဟိုက်” ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ) ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ပို့ချကြောင်း ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။
Subscribe to