ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ

ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ရွှေတောင် မြို့နယ်တွင် မြေဆီလွှာတိုးတက်စေရေး (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထယ်ထိုး မြေမြှုပ်ခြင်းသရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ ရွှေတောင်မြို့နယ် ဇယ်မကျေးရွာအုပ်စု၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာ ကွင်းအမှတ် ၄ (၄၉၀) ရေမျက်ကွင်းရှိ တောင်သူ ဒေါ်သူဇာသိန်းသန်းထွေး ၏ လယ်မြေ (၇.၀၀) ဧကတွင် ယနေ့ နံနက်ပိုင်းက မြေဆီလွှာတိုးတက်စေရေး (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထယ်ထိုးမြေမြှုပ်ခြင်း သရုပ်ပြပွဲ ကျင်းပကို ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံးတို့အား တက်ရောက် ဖွင့်လှစ်ပေး

ခရိုင်အဆင့်တိုးမြှင့်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်မြို့နယ်နှင့် မြန်‌အောင်မြို့နယ်တို့၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ယခင်နှစ်ထက် စျေးကောင်းရရန်မျှော်လင့်

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ သည်လယ်ယာစိုက်ပျိုးရေးအပြင်ဒေသတွင်း စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက  စျေးကွက်စီးပွားရေးအဖြစ်သို့  အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်းသိရသည်။

နှစ်(၁၀၀)ပြည့် "အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့" အထိမ်းအမှတ်ဆွေးနွေးပွဲ Talk Show ကျင်းပ

နှစ်(၁၀၀)ပြည့် "အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့" အထိမ်းအမှတ်ဆွေးနွေးပွဲ Talk Show ကျင်းပ အောင်မြေသာစံ ဇူလိုင် ၂ မြင့်မော်ထွန်း
Subscribe to