စမ်းချောင်းမြို့နယ်၌ မြန်မာအမျိုးသမီးနေ့အထိမ်းအမှတ် အသိပညာပေး Tallk Show ကျင်းပ

စမ်းချောင်း ဇူလိုင် ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ဇူလိူင်(၃)  ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို​သောအားဖြင့်  အမျိုးသမီးများ​နေ့ ခေါင်းစဉ်ဖြင့်  အသိပညာပေး Talk  Show ကို ယနေ့နံနက်(၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk  Show  တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်း နှင့်စာ​ရေးဆရာမ​ ပေါက်​ပေါက်တို့မှ ​​​မြန်မာအမျိုးသမီးများ​နေ့ ဖြစ်​ပေါ်လာပုံအ​​ကြောင်းများ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များ၊ တန်ဖိုးရှိ​သော အမျိုးသမီးတစ်ဦးဖြစ်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့အရည်အချင်းများ၊ လေးစားအားကျမိတဲ့ အမျိုးသမီးစွမ်း​​​​ဆောင်ရှင်များအကြောင်းများ၊ ယနေ့ခေတ်မြန်မာအမျိုးသမီးများ မိမိကိုယ်ကိုယုံကြည်မှုရှိလာစေဖို့ အကြံပြုချက်များကို အပြန် အလှန်​ဆွေး​နွေးခဲ့​ကြပါသည်၊   မြန်မာအမျိုးသမီးများနေ့အတွက် TaLK Show ကို ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်​ရေးနှင့်အညီ ကျင်းပ​​ဆောင်ရွက်ခဲ့သည်။

ခင်ငြိမ်းချမ်းဝင်း