လမ်းမတော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ​ဆွေး​နွေးပွဲ Talk Show ပြုလုပ်

လမ်းမတော် ဇူလိုင်

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်​အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့်  Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ နံနက် ၁ာရီခွဲက လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူး တင်ဆက်ခဲ့သည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့်​ ဒေါ်​လင်းယုလှိုင်ဝင်း(ဒုတိယဦးစီးမှူး)၊ (စာရေးဆရာမ) ပေါက်ပေါက်တို့က ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြန်မာအမျိုးသမီးများ လေးစားအားကျ အတုယူသင့်သော ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးအကြောင်းနှင့် မြန်မာအမျိုးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက် စသည့် ဗဟုသုတရဖွယ် စသည် အကြောင်းအရာများဖြင့် မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့် တင်ဆက် ပေးသွားမည်ဖြစ်ပြီး လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာရရှိစေရေးအတွက် Talk Show အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အောင်ဇော်ထွေး