တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်

တောင်ဥက္ကလာပ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့ နံနက်(၁၁) နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ Talk Show ကို ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီး များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဝင်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူ‌ဝေ (ကျုံမငေး)နှင့် စာရေးဆရာမ အေးချမ်းအိမ်တို့မှ ယနေ့ခေတ် မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ မှန်ကန်‌ကောင်းမွန်သော လမ်းများပေါ် လျှောက်လှမ်း နိုင်ရန်၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိစေရန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း တတ်စေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး  မြန်မာအမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်‌ရေး အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

ခင်ဆွေနှင်း(ပြန်/ဆက်)