ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းဒီဇိုင်းများနှင့် မြေယာလျော်ကြေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းပွဲ ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းဒီဇိုင်းများနှင့် မြေယာလျော်ကြေးကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။