ပုဇွန်တောင် ဇူလိုင် ၂
လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖာက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေတတ်သည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၁ နာရီက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ လူကုန် ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် အခြေအနေနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်အမျိုး သမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၏ လက်ရှိ ဆောင်ရွက်နိုင်မှုခြေအနေ၊ တားဆီးကာကွယ်ရန်နည်းလမ်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အဆိုပါ Talk Show ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူအများ သိရှိနားလည် သဘော ပေါက်စေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်