ပြည်နည်းပညာတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမနှင့် အလုပ်ရုံများ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ပြည် ဇူလိုင်၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်နည်းပညာတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမ အအောက်အအုံနှင့် အလုပ်ရုံများ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ပရဝုဏ်အတွင်း သတ်မှတ်မြေနေရာများအသီးသီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာအောင်ကျော်မြတ်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေမျိုးထွန်း၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဦးသိန်းအောင်နှင့် ပြည်နည်း ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်တို့က  မင်္ဂလာအချိန် နံနက် ၈နာရီ ၃၇မိနစ်နှင့် ၉နာရီ ၁၀မိနစ်အချိန်တို့တွင် သတ်မှတ်နေရာများအသီးသီး၌ ဘွဲ့နှင်းသဘင်ခန်းမနှင့် အလုပ်ရုံများတည်ဆောက်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြသည်။

အဆိုပါပန္နတင်မင်္ဂလာ အခမ်းအနားပြုလုပ် တည်ဆောက်မည့် ပြည်နည်းပညာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ အလျား(၂၃၉)ပေ၊ အနံ(၂၀၁)ပေနှင့် အမြင့်ပေ (၅၀)ရှိ (RC)နှစ်ထပ်အမျိုးအစားဖြစ်ကြောင်းနှင့် အလျား(၁၂၅)ပေ၊ အနံ(၈၂)ပေနှင့် အမြင့်(၂၃)ပေရှိ အလုပ်ရုံ (၂)လုံး ဆောက်လုပ်မည်ဖြစ်ကြောင်း ယင်းနည်းပညာ တက္ကသိုလ် တာဝန်ရှိသူထံမှသိရသည်။

 ခရိုင်(ပြန်/ဆက်)