ကျောက်တံတားမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးTalk Show အစီအစဉ်ဆောင်ရွက်

ကျောက်တံတား   ဇူလိုင် ၂

၂၀၂၂ခုနှစ်၊ ဇူလိုင်လ()ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Showကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီက မြန်မာနိုင်ငံစာရေးဆရာအသင်း အဖွဲ့ဝင်စာရေးဆရာမပေါက်ပေါက်နှင့်မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Showတွင် ကျောက်တံတားမြို့နယ်ဦးစီးအရာရှိ၊ ဒေါ်ရွှေဇင်ခိုင်က မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က မြန်မာအမျိုးသမီးများသည် ခေတ် အဆက်ဆက်တွင်တိုင်းပြည်အကျိုးထမ်းပိုးရာ၌ အမျိုးသားများနှင့်တန်းတူတာဝန်ကျေကြောင်း၊ မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့်မြန်မာအမျိုးသမီးများတို့၏အခန်းကဏ္ဍက ခေတ်အဆက်ဆက်အရေးပါခဲ့ကြကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို ကျောက်တံတားမြို့နယ်ပြည်သူ့စာကြည့်တိုက် Face Book Pageမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး ကျောက်တံတားမြို့နယ်လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရေး အတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)