နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ကျောင်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။