တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ယှဉ်ပြိုင်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ၂၁ရက်မှစ၍ မြို့မအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေ၃နာရီခွဲအချိန်က ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြ ကြောင်း သိရသည်။