ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုတ်ကွေး ရောဂါကာကွယ် ရေး ခြင်ဆေးဖျန်းပေးခြင်းဆောင်ရွက်

ပလောက် ဇူလိုင်  ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့်အ‌ခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းဝင်းအတွင်း၌ ကျောင်းသူ/သားများအနေဖြင့်ခြင်မှတစ်ဆင့်ကူးစက် တတ်သော သွေးလွန်တုတ်ကွေးရောဂါ၊ ငှက်ဖျားရောဂ၊ ဆင်ခြေတောက်ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃နာရီအချိန်ကခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

၎င်းခြင်ဆေးမှုတ်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံဦးသွင်စည်သူကျော်ထွေးနှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ်တပ်ဖွဲ့၊ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊ ဆရာ/မများ ပူးပေါင်း၍ကျောင်းဆောင်များအတွင်းရှိ စာသင်ခန်းများအားလုံး၊ ကျောင်းဝင်းအတွင်းရှိ ပန်းပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ ရေနုတ်မြောင်းများနှင့်ကျောင်းသုံး အိမ်သာများအတွင်း ခြင်ပေါက်ဖွားမှု၊ ခြင်များခိုအောင်းမှုမရှိစေရေး ခြင်ဆေးမှုတ်စက်ဖြင့် ခြင်ဆေးဖျန်းပေးကြခြင်းဖြစ်ကြောင်း ပလောက်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နှင်းမြူလွင် (ပလောက်)